မိုးညှင်းတက္ကသိုလ်၌ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား အောင်မြင်ပြီးစီး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ညနေ နှစ်ပိုင်းခွဲ၍ (၅)ရက်တိုင်တိုင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပအောင်မြင် ပြီးစီးခဲ့ကြောင်း သိရသည်။