ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် River View အပန်းဖြေနေရာအဖြစ် အကောင်အထည်ဖော်ရေးနှင့် ဗလမင်းထင် ဧက ၂၀၀ စံပြ စိုက်ကွင်းအတွင်း သီးထပ်သီးနှံများ Mobile Solor စနစ်ဖြင့် ရေသွင်းစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မတ် ၁၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပပြီး River View အပန်းဖြေနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။