ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးပြီး စားသောက်ကုန်များ ထောက်ပံ့
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ စံချိန်တင်မြစ်ရေ ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ (၃) နာရီက စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။