နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ မိုးနေကြာဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် နေကြာမျိုးမြှင့်တင်ရေး မျိုးစေ့များပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀ )စီမံ ချက်ဖြင့် မိုးနေကြာဆင်းရွှေကြာ-၂ မျိုးစေ့ထုတ်(Recurrent Mass Selection)နေကြာမျိုး မြှင့် တင်ရေး ဧက ၂၀အတွက် မျိုးစေ့များပေးအပ်ခြင်းကို မေ ၂၂ရက် မွန်းလွဲ ၃နာရီက ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအတွက် ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်း ဖွင့်လှစ်

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအတွက် ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စွမ်းရည်မြှင့် ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေးပြိုင်ပွဲများကို မေ ၂၂ ရက် နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် လူထု ကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို မေ ၂၂ရက် နံနက်ပိုင်းက အဆိုပါဆေးရုံ၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

လယ်ဝေးမြို့ယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်လူငယ်များနှင့် စာဖတ်ဝိုင်း ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်၌ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပဏာမ မျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေရွယ်ကလေးငယ်များအတွက် ပဏာမမျက်စိစမ်းသပ် စစ်ဆေးခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစက်ခလုပ်နှိပ် ဖွင့်လှစ်

"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြို့မဈေးမီးပွိုင့်အနီးနှင့် သပြေကုန်းရပ်ကွက်၊ နေပြည်တော် ရေပန်းဥယျာဉ်မုခ်ဦးအနီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက   အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ