လယ်ဝေးမြို့နယ်၌ စိုက်ပျိုးရေးအထောက်အကူပြု AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊လယ်ဝေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် AI ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားရေးလုပ်ငန်းကို ကျေးရွာများရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပျံချီကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။