နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ​မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများ အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက သံပုရာကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်လုံးကျွတ် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျန်းမာရေးဌာနမှ ရပ်ကွက်လုံးကျွတ် သွေးလွန်တုတ်ကွေးကာကွယ်ရေးစီမံချက်ဖြင့် ဘုရင့်နောင်ရပ်ကွက်တွင် ရပ်ကွက်လုံးကျွတ် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့နှင့်အတူ ဒယောက်ကူးကျေးရွာ၊ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် နေရာအား ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါမြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ လယ်​ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   မြောက်လွတ်ကုန်းကျေးရွာနှင့် လေသာတောင်သာရပ်ကွက်သို့  သွားရောက်ငှားရမ်းပေးကြပြီး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြသည်။

စားအုန်းဆီစားသုံးမှု လျှော့ချရေးနှင့် ပြည်တွင်းဆီစားသုံးမှုဖူလုံရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ

နေပြည်တော်ကောင်စီကကြီးမှူး၍ စားအုန်းဆီစားသုံးမှုလျှော့ချရေးနှင့် ပြည်တွင်းဆီ စားသုံးမှုဖူလုံရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာ(Seeder)များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊  တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ယောက်သွားအင်းကျေးရွာ၌ ထိုးနှံပေးခဲ့သည်။

ပျဉ်းမနားမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ