နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာအုပ်စု၊ သဲကောကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် သပြေတန်းကျေးရွာအုပ်စု၊ ငွေလျှံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် သာသနာပါဓမ္မဗိမ္မာန်တော်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ကောင်စီအတွင်းရေးမှူး  ဦးခင်မောင်ဆန်း၊ နေပြည်တော်တိုင်း မြေစရင်းဦးစီးမှူး ဦးတင်ထူး၊ ဇေယျာသီရီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဦးဇေယျာမင်း၊ ဇေယျာခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်ဦး၊ ပုဗ္ဗသီရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ အေးမြင့်သာယာအုပ်စု၊ ဘဲကုန်းအုပ်စု၊ သပြေကုန်းအုပ်စု၊ ညောင်ပင်ကြီးစုအုပ်စုနှင့် သပြေတန်းအုပ်စုရှိ တောင်သူများ တက်ရာက်ကြသည်။

တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် တဲမြင့်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ စာပေးဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

ဥတ္တရခရိုင်အတွင်းရှိ ဆည်၊ ရေလှောင်တမံများအား ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်းရှိ ရေထုအရည်အသွေးအား သိရှိနိုင်ရန်နှင့် ကျန်းမာရေးထိခိုက်နိုင်မှုကို လျှော့ချနိုင်ရန်၊ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များ စနစ်တကျကောက်ယူမှတ်တမ်းပြုစုနိုင်ရန်၊ စောင့်ကြပ်ကြည့်ရှုဆန်းစစ်နိုင်ရန်၊ ရေအရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာ(ဆင့်ပွား)သင်တန်း ဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်တွင် ကောက်စိုက်စက်ကြီးများဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက် ကြည့်ရှုအားပေး၊ သုတအလင်း စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်‌ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေး-ဥသျှစ်လှိုင်း ကျေးရွာသွားလမ်းရှိ လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဒေါ့ပင်အုပ်စု၊ ဂုဏ်မင်းမြှောင်ကျေးရွာအဝင်၊ တံတားအမှတ်(၃/၇) ယာယီဘေလီတံတား ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တံတားဆောင်ရွက်နေမှုအခြေအနေများကို လမ်းဦးစီးဌာန(ကြီးကြပ်ရေးအဖွဲ့) ညွန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တံတားခိုင်ခံ့ကောင်းမွန်ရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၅)အတွက် တွေ့ဆုံဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ်(၅)အတွက် တွေ့ဆုံဂုဏ်ပြုခြင်းအခမ်းအနားကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ