နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားရေရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။