၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စုအတွင်းရှိ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်တွင်ကျင်းပရာ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျီးသဲလေးထပ်ကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရနှင့်သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာလေးများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူး ဦးအောင်ကျော်မင်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။