နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး ဇမ္ဗူသီရီမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရီမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ စခန်းသွင်းလေ့ကျင့်နေသော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိုးသား/အမျိုးသမီး ဘောလီဘော၊ အမျိုးသား ဘတ်စကတ်ဘောနှင့် အမျိုးသား ဘိလိယက်နှင့်စနူကာ အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖြည့်စွက်အားဖြည့်စာများ၊ ထောက်ပံ့ငွေများနှင့် အားကစား ပစ္စည်းများပေးအပ်သည်။