နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျှော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲရေး နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲရေး နေပြည်တော်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။