နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နွေစပါးနှင့် နွေသီးနှံများ လျာထားချက်ပြည့်မီရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နွေစပါးနှင့်နွေသီးနှံများ လျာထားချက်ပြည့်မီရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် စိုက်ပျိုး‌ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒု-ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)တွင် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မှုနှင့် ရိစာလမ်း ခင်းကျင်းမှုများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းညွန့်၊ ​မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့နှင့်အတူ  ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင် ဆောင်းသီးနှံစိုက်ပျိုးထားရှိသော ဥသျှစ်ကုန်းကျေးရွာ၊ သပြေသာကျေးရွာများရှိ နေကြာသီးနှံစိုက်ခင်းများ၊ မတ်ပဲသီးနှံ စိုက်ခင်းများ၊ မြေပဲသီးနှံစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် အားပေးလမ်းညွှန် မှာကြားခဲ့သည်။

တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ခရမ်းစပ်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းက အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကိုယူကြမည့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ညောင်လွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ကျောင်းအုပ်ဆရာကြီးက ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသား‌ ဘောလုံးပွဲစဉ်များကို ယမန်နေ့ ညနေပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာအသင်းတို့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

လယ်ဝေးမြိုနယ်၊ သာဝတ္ထိကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိ‌ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနမှ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်-၁၄ အခြေခံပညာအထက်တန်းကျောင်းသို့  သွားရောက်ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ