နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် MSME အသင်းဝင်း ဦးခင်မောင်ဝင်း၏ ရွေပြည်စိုး ဆီ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ဆီစက်ကြိတ်ခွဲလည်ပတ်နေမှုအခြေအနေများကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်စက်မှ စိုက်ပျိုးရေးပေးဝေမည့်အခြေအနေနှင့် ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာအနီး၊ ငလိုက်ဆည်ရေသောက်ပြင်ပရှိ လယ်ယာမြေများအား စိုက်ပျိုးရေပေးဝေနိုင်ရေး ရေထိန်းရေမြှင့် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ နှမ်းတောကျေးရွာအနီး မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ ဇီးဖြူပင်အဆင့်မြင့်လယ်ယာတွင် ဆောင်းမတ်ပဲသီးနှံများအား ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။