နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇေယျာသီရိမြို့နယ်၊ ရွှေပေး- ရှားစေးဖို ကျေးရွာချင်းဆက် လမ်းကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာရှိ နို့စားနွား မွေးမြူရေးခြံ နွားမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ရွှေပေး-ရှားစေးဖို ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဥတ္တရသီရိမြို့နယ် ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြန်မာ့မီးရထား၊ မြို့ပြနှင့် အင်ဂျင်နီယာဌာန လက်ထောက်အင်ဂျင်နီယာရုံးခန်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုနှင့် ရေဆင်းငါးလုပ်ငန်းစခန်း လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနှင့် အိုင်စောက် ကျေးရွာအကြား ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ ၂ မြောင်းမကြီး ပေတိုင်- ၂၉၅၀၀ ပေမှ ၃၅၉၉၀ ပေအတွင်း ရေပေးမြောင်း ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊  ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ဖြင့်ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုနှင့် မဟာမြိုင်တောရ ဘုန်းတော်ကြီးကျောင်းတွင် သန်းရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ ကွင်းအမှတ် ၁၈၂၈ တောင်သူ ဦးထွန်းဝေ၏ လယ်ယာမြေတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာထွန်စက် နောက်ဆွဲအစေ့ချကိရိယာဖြင့် နေကြာစိုက်ပျိုးမှု၊ ပိုးသက်ဆေးဖျန်းစက်ဖြင့် ပိုးသက်ဆေးဖျန်းသရုပ်ပြမှု၊ ရိုးဖြတ်စက်ဖြင့် ရိုးဖြတ်သရုပ်ပြမှု၊ မြေဩဇာပက်ဖျန်းစက်ဖြင့် မြေဩဇာပက်ဖျန်း သရုပ်ပြမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

လယ်ဝေးမြို့၊ သမိုင်းဝင်ဖောင်တော်ချက်မဘုရားတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လာရောက်ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ သမိုင်းဝင်ဖောင်​​တော်ချက်မဘုရားကြီးရင်ပြင်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာ‌ကောက်ရပ်ကွက်၊ အုန်းတောပရိယတ္တိစာသင်တိုက်နှင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ နန်းဦးကျောင်းတိုက်တို့တွင် ၂၀၂၄ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ပထမအဆင့် အဘိမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူး)၊ ဝိသုဒ္ဓိမဂ်ဘာသာရပ်တို့အား ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ