နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ မီးဘေးသင့်အိမ်ထောင်စုအားအားပေးစကားပြောကြားပြီး ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၃၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။