နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်း ကျောင်းတိုက်တွင် ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာ​တော်များ၊ နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသက်နိုင်ဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်သာသနာရေးမှူး ဒေါ်သွယ်သွယ်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီခွဲက လက်ပန်ကုန်းကျေးရွာ၊ ဒေါ်အုံးမြိုင် အိမ်​ခြံဝင်း၊ ယာယီမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် အဖွဲ့ဝင် ဦးကိုကိုမြတ်၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်၊ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာနှင့် ပြည်စံအောင်ရပ်ကွက်တို့ရှိ စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၈) နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျေးရွာ “ပင်စည်” စာကြည့်တိုက်နှင့် ပြည်စံအောင်ရပ်ကွက်ရှိ “လူထုအလင်း” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ကျင်းပခဲ့ရာ  နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး စဉ်ဆက်ပညာရေးလုပ်ငန်းဆင့်ပွားသင်တန်း ဖွင့်လှစ်နေမှုကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်နေသည့် စဉ်ဆက်ပညာရေးလုပ်ငန်းဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် သူနာပြုသင်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်အ​ကြောင်း​ အသိပညာပေးဟောပြောခြင်းနှင့် အ​ရေး​ပေါ်အ​ခြေအ​နေတွင်​ ဘေးကင်းလွတ်​မြောက်ရာသို့ စနစ်တကျ ထွက်ခွာခြင်း ဇာတ်တိုက်​လေ့ကျင့်ခန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ငလျင်ဘေးအန္တရာယ်အ​ကြောင်း​ အသိပညာပေးဟောပြောခြင်းနှင့် အ​ရေးပေါ်အ​ခြေအ​နေတွင်​ ဘေးကင်းလွတ်​မြောက်ရာသို့ စနစ်တကျထွက်ခွာခြင်း ဇာတ်တိုက်လေ့ကျင့်ခန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ