နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ အလှူငွေ၊ ဆန်၊ ဆီနှင့် အားဖြည့်အချိုရည်များလှူဒါန်း
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါက်တာဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ဇနီးများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။