နေပြည်တော်ကောင်စီနယ်မြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုများ ပေးအပ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ​ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည့်  ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ စီမံကိန်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့်သွင်းအားစု ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  သတင်းဆောင်းပါးရေးသားနည်းသင်တန်း ဖွင့်လှစ်

ဝန်ထမ်းများ၏ လုပ်ငန်းစွမ်း‌ဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်‌ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၆ တွင် စနစ်ကျလယ်ယာမြေ ၃၁၈ ဧက၌ ရေဆင်းပေါ်ဆန်း ၃ ဧက၊ အောင်နိုင်တိုး ၈၀ ဧက၊ ထိုင်းနှံကောက်  ၂၃၅ ဧက နွေစပါးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် တောင်သူ ဦးသန်းထွန်း၏ နွေစပါး စိုက်ခင်းတွင် ပေါင်းလိုက်သမန်းနှိုးခြင်း၊ ပေါင်းသတ်ဆေးပတ်ဖြန်းနေခြင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်အတွင်း ကလေးငယ်နှင့် အ‌မျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးရေးနှင့် ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့မှ ဇေယျာသီရိခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ကလေးငယ်နှင့် အ‌မျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးရေး၊ ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  ကျောင်းများစတင်အပ်နှံ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းများ စတင်အပ်နှံလျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ သပြေကုန်ဈေးရှေ့ ပိတောက်လမ်းမကြီးသို့သွားရောက်ပြီး လမ်းဘေးရေနုတ်မြောင်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ရေနုတ်မြောင်းများ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်းစေရေးအတွက် အမှိုက်များ ရှင်းလင်းဆောင်ရွက်ရေးတို့ကို  မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်း ပေးအပ်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်းအားပြင်းမန္တလေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း နေအိမ်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်   ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊  အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ် စတင်ဆောင်ရွက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားရာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်လျက်ရှိသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ