ဦးစီးဌာန(ရုံးချုပ်)

ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် အသက် ၆၀ နှစ် နှင့် အထက်ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား အိမ်တိုင် ရာ အရောက်ကြိုတင်ဆန္ဒမဲပေးခြင်းများဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၆၀)နှစ် နှင့် အထက် ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် အောက်တိုဘာ (၃၁) ရက်နေ့ မှ နိုဝင်ဘာ( ၅)ရက်နေ့အထိ အိမ်တိုင်ရာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် နားခံကျေးရွာအုပ်စု၊ ပန်အူးကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း (၇) ခုမှ ကိုယ်စားလှယ်လောင်း (၂၆) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရေဖြူမြို့နယ်အတွင်းပါတီ (၇) ခုမှ ကိုယ်စားလှယ်လောင်း (၂၆) ဦးတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဝေါမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင် ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။

ဇလွန်မြို့နယ်တွင်မဲရုံများ မီးဘေးအန္တရာယ်လုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

မိုးနဲမြို့နယ်တွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ စတင်ကောက်ခံ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြီးတွင်  မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေး နိုင်မည့်အခွင့်အရေးများ မဆုံးရှုံးစေ‌ရေးအတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်တွင် ယနေ့နံနက်၈ နာရီအချိန်ကစတင်၍ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများက အိမ်တိုင်ရာရောက် ကွင်းဆင်းကောက် ယူလျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် (၂၀၂၀)ပြည့်နှစ်ပါတီစုံဒီမိုကရေစီအ‌ထွေ ထွေရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက်  ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို အောက်တိုဘာလ(၃၀)ရက်နေ့မှစတင်၍ မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက စတင်ထုတ်ပေးလျက်ရှိသည်။

ရွှေသောင်ယံမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်းရှိ မိသားစုဝင်များအတွက် ဆန်များထောက်ပံ့လှူဒါန်း

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆင်းရဲ​သော အိမ်ထောင်စုများအတွက် ဆန်၊ ဆီနှင့် အချိုမှုန့်ထုပ်များကို ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်အတွင်းရှိ မရှိဆင်းရဲသား မိသားစုဝင်များထံသို့ အိမ်တိုင် ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်နှင့် အဖွဲ့ ပွင့်ဖြူမြို့နယ်ရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်သည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)