ဦးစီးဌာန(ရုံးချုပ်)

တာမွေမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

“ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း) ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် ကျေးရွာစာကြည့်များပြန်လည်ရှင်သန်စေရေး ကျေးရွာအုပ်ချုပ်မှူးများဖြင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျေးရွာစာကြည့်တိုက်များပြန်လည်ရှင်သန်စေရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ကုလားဘီကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၄၈)ဦးတို့၏ စိုက်ဧက(၂၇၉)ဧကအတွက် လေးရာတစ်ဆယ့်ရှစ်သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ 

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ပညာဝတီအမျိုးသမီးဘဝ မြှင့်တင်ရေးဂေဟာသို့ သောက်သုံးရေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၄)ရပ်ကွက်ရှိ ပညာဝတီ အမျိုးသမီးဘဝ မြှင့်တင်ရေးဂေဟာသို့ သောက်သုံးရေများကို ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့သည်။

ရွှေတောင်မြို့နယ် ပြည်မြို့ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အ.ထ.က(ကျီးသဲ)ကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာသီတာစိုးခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်နှင့်အညီ ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)သို့ တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို မေလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည်တန်ဖိုးထားတတ်စေရန်၊ သစ်တောများနှင့်ရေဝေရေလဲဒေသများကို ထိန်းသိမ်းစောင့်ရှောက်တက်စေရန်နှင့် သစ်တောများ၏အကျိုးကျေးဇူးများကို သိရှိနားလည်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)