ဦးစီးဌာန(ရုံးချုပ်)

ဟင်္သာတမြို့နယ်တွင်   ၂၀၂၂-၂၀၂၃   ပညာသင်နှစ်  မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတမြို့   ဥယျာဉ်မြောက် ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုယုကျေးရွာရှိ မြိုတိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စုတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် နေရာချထားပေးသည့် မြိုယုကျေးရွာသစ်၌ နေထိုင် လျက်ရှိသော မိသားစုများအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာဆရာတော် ဘဒ္ဒန္တဝဏ္ဏိတဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော “သဒ္ဒမ္မဇောတိကဓဇ” ဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တဝဏ္ဏိတ ဆရာတော်အရှင်သူမြတ်၏ ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီက ငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာ ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂၀၂၂- ၂၀၂၃ အ​ခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်သည် ပညာရေးကဏ္ဍအနေဖြင့် နှစ်စဉ် အခြေခံပညာကျောင်းတွင် အောင်ချက် ကောင်းမွန်သော ပြည်နယ်တစ်ခုဖြစ်ရာ ယခုတွင်လည်း ပညာရေးကောင်းမွန်အောင် မွမ်းမံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၂- ၂၀၂၃ အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (ပြည်နယ်အဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား မော်လမြိုင်မြို့၊ အမှတ် (၆)၊ အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ဒေးဒရဲမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် လယ်ယာကဏ္ဍ စီမံကိန်းသီးနှံများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ကဆုန်လပြည့်နေ့ သံဃာတော် (၁၀၈) ပါး ဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကဆုန်လပြည့်နေ့ သံဃာတော် (၁၀၈) ပါး ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို  ယနေ့နံနက် (၆) နာရီက   ရပ်ကွက်ကြီး ( ၁ ) ရှိ ရတနာမာရ်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5သင်ရိုးသစ် မြို့နယ်အဆင့်ဆင့် ပွားသင်တန်း ပင်းတယမြို့နယ်၌ ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌၂ ၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းအား မေလ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

(၃၄) ကြိမ်မြောက် အခြေခံစား‌​သောက်ကုန်များထောက်ပံ့လှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လပြည့်ဝန်း လူမှုကူညီရေးအသင်းသား/သူများအား (၃၄) ကြိမ်မြောက် အခြေခံစား‌​သောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မေလ ၈ ရက် နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့ နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်နယ်မြေရှိ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းရုံး၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ဧပြီ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးခြင်း အခမ်းအနားကို မေလ (၅)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)