မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ ကာလိမြို့ Quarantine ဝင်ပြည်သူများအတွက် စားနပ်ရိက္ခာများ လာရောက် ထောက်ပံ့လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် Quarantine Center ဆောင်ရွက်ထားရှိသည့် လွိုင်ချို(အ.မ.က)ကျောင်း နှင့် နမ့်ခုံးရှမ်းများပရဟိတရှိ ကန့်သတ်စောင့်ကြည့်ပြည်သူများအား ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။