ကျောက်ထုမြို့အနီးတစ်ဝှိုက် ကျေးရွာ(၃၀)ရွာ၌မီးလင်းရေးလုပ်ငန်းဆောင်ရွက်၊ကျေးရွာ (၂၈)ရွာမီးလင်းပြီးဖြစ်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ကျောက်ထုမြို့နှင့်အနီးတစ်ဝှိုက်အတွင်းရှိ ကျေးရွာ(၃၀)ရွာတွင် ကျေးရွာ မီးလင်းရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယခုအခါကျေးရွာ(၂၈)ရွာ၌လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်းသိရှိရသည်။