ပူတာအိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာ ပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေလှူဒါန်း
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မဖြစ်မနေ Mask များတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Putao Dialogue Network အဖွဲ့မှတဆင့် ဒိန်းမတ်နိုင်ငံမှ ပေးပို့လှူဒါန်းသော Mask များအခမဲ့ဖြန့်ဝေလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့ မြို့မစည်ပင် သာယာဈေးနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းများထံ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။