ကာလိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ ကျောင်းသား၊ကျောင်းသူများကို ပလတ်စတစ်များ စနစ်တကျသုံးစွဲတက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း)၌ ဆောင်ရွက်ခဲ့ကြသည်။