ဝေးလံခေါင်ဖျားဒေသသတင်းများ

ဟားခါးမြို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁) ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုးထပ်မံတွေ့ရှိ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာစစ်ဆေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အင်ဂျန်းယန်၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀)ဖြင့် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးထွန်းအောင်ခိုင်က မြို့နယ်ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မဲရုံသုံးပစ္စည်းထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ရုံးဆောက်လုပ်မည့် မြေနေရာအား စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို ယမန်နေ့က လမ်းဆုံကျေးရွာနှင့် ဟိုဂျစ်ကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ kg တန်းမှ စတုတ္တတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယမန်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ဖြန့်ဝေပေးခဲ့ကြသည်။

ခိုင်ကမ်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့လျှပ်စစ်ဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာ Talk show ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေးဆိုင်ရာ မြို့အဆင့် ကော်မတီအစည်းအဝေးပြုလုပ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။

ဝမ်​အောင်း-ချိကွဲ့-​စောင်း​လော့ လမ်း​ပေါ်ရှိ ပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဝမ်​အောင်း-​ချိကွဲ့-စောင်း​လော့ လမ်း​ပေါ်ရှိပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား ယမန်​နေ့ ည​နေ(၅)နာရီအချိန်က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့်​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအား ငွေကြေးထောက်ပံ့ပေး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဖလမ်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။

​​မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မော်ချီး​အောက်ရွာ၊ လိုခါးလိုကွက်သစ်(​အောင်ချမ်းသာ​စျေးတန်း)တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ