ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေးနှိုးဆော်
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။