နမ့်ဆန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းကောက်ယူရေး ညှိနှိုင်းဆွေးနွေး
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။