ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။