ဝေးလံခေါင်ဖျားဒေသသတင်းများ

တနိုင်းမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး (၁၂) ရက်အတွင်း လာရောက်ကြည့်ရှု သူ (၇၂၀၅) ဦးရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို (၁၂) ရက် အတွင်းပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ချင်းပြည်နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများကို သြဂုတ်လ (၅)ရက်နေ့က မျှော်လင့်ခြင်းတောင်ပံပရဟိတအသင်းက လာရောက် လှူဒါန်းကြောင်း သိရသည်။

ဆမီးမြို့၌ ကော်ဖီပင်စိုက်ပျိုးရေးနည်းပညာသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဆမီးမြို့တွင် ဒေသခံတောင်သူများအနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ် အစားထိုး ကော်ဖီပင်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ချီဖွေမြို့တွင်း လမ်းမီးများ တိုးချဲ့ ထွန်းလင်းနိုင်ရေးအတွက် အလှူငွေများ လာရောက်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့တွင်းလမ်းမီးများ တိုးချဲ့ထွန်းလင်းနိုင်ရေး (Solar) လမ်းမီးတိုင်များ ဝယ်ယူတပ်ဆင်နိုင်ရန် အတွက် နန်းဦးချီဖွေငယ် ရေးအားလျှပ်စစ် စက်ရုံမှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၃) နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် စာအုပ်စာစောင်များလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိ စေရန်နှင့် အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်ရှိ စေရန်ရည်ရွယ်ပြီး ချမ်းမြေ့စာရေးကိရိယာပစ္စည်းဆိုင်မှ ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ Maskများနှင့် သုတ/ရသစာအုပ်စာစောင်များ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် စံတုံနောက်အင်းကျေးရွာတွင် Cash for work စီမံကိန်းဖြင့် ဆိုင်ကယ်လမ်း (၃/ဝ)မိုင် ဖောက်လုပ်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

လဟယ်  သြဂုတ်  ၆

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for work စီမံကိန်းအနေဖြင့် ကျေးရွာ(၁၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စံတုံနောက်အင်းကျေးရွာတွင် တောင်ယာလမ်း (၃/ဝ)မိုင်အား ဆိုင်ကယ်လမ်း‌အဖြစ် လမ်းအကျယ်(၆)ပေ အကျယ်ဖောက်လုပ်ခြင်းလုပ်ငန်းကို ဩဂုတ်လ (၁)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးမှု အနေဖြင့် (၇၀)ရာခိုင်နှုန်း ပြီးစီးကြောင်း သိရသည်။

တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၀၀၀၀)ကျော်ရှိ

ခါမ်းပါတ် ၊ သြဂုတ် ၆

၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ခါမ်းပါတ်မြို့ပေါ်(၅) ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၈)အုပ်စုတို့တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၀၀၀၀)ကျော်ရှိကြောင်း သိရသည်။

"ခါမ်းပါတ်တစ်နယ်လုံးအတွက် မဲရုံပေါင်း(၂၄)ရုံနဲ့ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၈၅၉၉)ဦးရှိပါမယ်"ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးရမ်ဇမန်း ထံမှသိရသည်။

ကျေးရွာများမှ ဖော်ထုတ်သော ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ

ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းနှင့် သက်ဆိုင်ရာဌာနများတို့ မြို့နယ်စီမံကိန်း ရေးဆွဲရာ တွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲနိုင်ရေး ကျေးရွာများမှ ဆွေးနွေးဖော်ထုတ်ထားသော ဖွံ့ဖြိုးရေးအစီအစဉ်များအား ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

လေရှီးမြို့၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အသိပညာပေးသင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံးသည် ရရှိခံစားသင့်သော အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြု နားလည်လက်ခံသည့် ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ အကောင် အထည်ဖော်နိုင်ရန် ရည်ရွယ်၍

ရိခေါ်ဒါရ်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ရိခေါ်ဒါရ်မြို့ ရှေ့တန်းရုံးမှ တာဝန်ခံဦးစီးအရာရှိ (မြို့ဦးစီးမှူး) ဦးမောင်မောင် ဦးဆောင်၍ ဝန်ထမ်းများက သြဂုတ် ၃ ရက်မှစ၍ ယနေ့အထိ သုံးရက်ကြာအထိ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ