“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲပြုလုပ်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာ၊ တောင်သူဦးထွန်းစိန်၏ လယ်မြေ(၄)ဧကတွင် ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။