ဖလမ်းခရိုင်အတွင်း အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြ မည့် ဖလမ်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးက အမည်စာရင်း တင်သွင်း ထားကြသော နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖလမ်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်မှစကာ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။