ဖားကန့်၌ ဥရုချောင်းရေ မြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဥရုချောင်းဖျား ကံဆီးဒေသ၌ ဩဂုတ် ၁၇ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက် ကျော်လွန်ကာ ဩဂုတ် ၁၈ ရက်နေ့တွင် ၁၀ ပေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။