တနိုင်းမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးကြီးအတွင်းနှင့် ပျံကျဈေးသည်/ဈေးဝယ်များ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။