ဟိုပင်၌ မသန်စွမ်းသူ ၂၆၇ ဦးအား ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေပေးအပ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မသန်စွမ်းသူများအား Covid-19 ကာလအတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စက်တင်ဘာလ ၇ ရက် ညနေပိုင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။