ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှု (၈၅) ရာခိုင်နှုန်းပြီးစီး
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။