၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ထန်တလန်မြို့နယ်တွင် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါး ခရိုင်၊ ထန်တလန်မြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။