အမြို့မြို့အနယ်နယ်သတင်းများ

ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒေါင့်ကြီးတိုက်နယ်ဆေးရုံ၌ ကွင်းဆင်းကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဒေါင့်ကြီးတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယ မန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကွင်းဆင်းကုသပေးခဲ့ကြသည်။

လယ်ဝေးမြိုနယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းတာဝန်ပေးအပ်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

မိုင်းရယ်မြို အခြေခံပညာအလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ယမန်နေ့ နေလယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟော‌ပြောသည်။

ပုဂံဒေသရှိ ခေတ်အလိုက် ရှေးဟောင်းအဆောက်အအုံများ၏ အုတ်မြစ်တည်ဆောက်မှုစနစ် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကမ္ဘာ့အမွေအနှစ်ပုဂံဒေသရှိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော ရှေးဟောင်းအဆောက်အအုံများ၏ မြေပြင်ပေါ်ရှိ ဗိသုကာနှင့်အနုပညာလက်ရာများကို မျက်မြင်တွေ့ ထိလေ့လာနိုင်သော်လည်း မြေပြင်အောက်တွင် ဖွဲ့စည်းတည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန်အတွက် အုတ်မြစ်တည်ဆောက်မှုစနစ် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၁၄)သို့ တက်ရောက်ရမည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး လမ်းညွှန်အမှာစကားပြောကြား

နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒနှင့်အညီ တိုးတက်အောင်မြင်ရေးကို ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) လှည်းကူး၊ ဖောင်ကြီးသင်တန်းကျောင်း၌ ဇွန်လ (၂၂)ရက်နေ့မှ ဇူလိုင်လ (၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄)သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည်။

အမရပူရမြို့နယ်၌ အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များအား အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်ထားခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်၊ ဌာနဆိုင်ရာ စုပေါင်းရုံးဝန်းအတွင်းရှိ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်နိုင်ရေးနှင့် ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များအား အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ဇွန် ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း ဒေသဖွံ့ဖြိုးတိုးတက်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှု ကြည့်ရှုစစ်ဆေး၊ အဋ္ဌမအကြိမ်မြောက် အဘိဝိယာစရိယ စာတော်ပြန်ပွဲကျင်းပနေမှုအား သွားရောက်ကြည်ညို

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ မင်္ဂလာသိဒ္ဓိပန်းခြံစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

စဉ့်ကိုင်မြို့နယ်တွင် အ.လ.က(တောမ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(တောမ)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်၍ ညောင်ဝန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့ နံနက် ၉ နာရီက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ