သထုံမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ)ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ) ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။