ပြည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ပိတ်ပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော "အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း" ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၊ ပြည်ခရိုင်ရုံး၌ ကျင်းပခဲ့သည်။