ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မြဝတီမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် ၁၄:၀၀ နာရီတွင် ရေပူစမ်းကျေးရွာ၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖိနပ်ချုပ်သင်တန်း ဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် သုတ/ရသ စာအုပ်စာစောင်များပြပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ခွဲမှ ချင်းမြာင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချင်းမြောင်အုပ်စု၊ လေးကြီးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုး ထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆပ်ပြာအမွှေးဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိ‌ရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု ဆပ်ပြာအမွှေးဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၌ ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ် သမဝါယမဦးစီးဌာနအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကို ကရင်ပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌  ယမန်နေ့နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်/မြို့နယ် သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ Basic Grammar သင်တန်း ဖွင့်လှစ် သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီ Basic Grammar သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲတွင် သင်တန်းဖွင့်လှစ်သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ