မိုးညိုမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က (ခြံကြီးစု) ကျောင်းသို့ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့သည်။