စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုများချီးမြှင့်
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပသည်။