တာချီလိတ်မြို့ အ.ထ.က (ဟောင်လိတ်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။