ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယနေ့  နံနက် ၁၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သော ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်၊ လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာကလောင်စုံ၏ လူဆိုသည်မှာစာအုပ်အား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိမြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်က အခြေခံပညာမူလတန်း လွိုင်ချိုကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ ရွှေ့ပြောင်းဦးနှောက်ယိုစီးမှုစာအုပ်ဖြင့် Book Club အသင်း စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာဝင်းနိုင်ထွန်းရေးသားသည့် ရွှေ့ပြောင်းဦးနှောက်ယိုစီးမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

မြန်အောင်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အ.လ.က လက်ပံရပ်ကျောင်းခန်းမ၌ အသိပညာပေး ဟောပြောခြင်း၊ စာဖတ်စွမ်းရည်မြှင့်တင်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအချိန်ထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကိုငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းတည့်(၁၂) နာရီ ကျောင်းဆင်းချိန်နှင့်ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်တွင်း သို့စာအုပ်/စာစောင်များ လာရောက်ငှာရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ Community Centre ခန်းမတွင် Book Club/Youth Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ မည်သို့ပင်ဖြစ်စေ စာအုပ်အား ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre) တောင်ကြီးတွင် ဓာတ်ပုံရိုက်ကူးနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဒေသအကျိုးပြုဓာတ်ပုံဆရာများပေါ်ထွန်းလာစေရန်နှင့် ဓာတ်ပုံဝါသနာရှင်များဓာတ်ပုံပညာကို စနစ်တကျလေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုပပျောက် ရေးဆိုင်ရာအသိပညာပေး နယ်လှည့်ဟောပြောပွဲကို အောက်တိုဘာ ၁၆ နံနက်(၁၀) နာရီအချိန် ခန့်က အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ