ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန၊Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး (TALK SHOW) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက (၁၀၂) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဥ် ကျင်းပပြုလုပ်ခဲ့သည်၊၊

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြု

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာမောင်စည်သူ(အဖျောက်) ရေးသားထားသည့် “တာဝန်သိစိတ် တာဝန်ယူစိတ်” ကလေးဝတ္တုတိုများစာအုပ်ဖြင့် ယမန်နေ့နံနက် (၁) နာရီအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

သိန္နီမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အမျိုးသားအောင်ပွဲ နေ့အား အစဉ်သတိရ၍ မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်နှင့် ဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌  နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနဦးစီးဌာန ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သူများ‌ထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောက်ဂူ(မူလွန်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲ၊ ပြခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါကျောင်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် သတင်းစကားလက် ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျ ရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာ သစ်မြို့အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် (၇၅၀)စောင်အား အခမဲ့ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်(၇၅၀)စောင်အား ကျောင်းသား/သူများ၊ ဆရာ/မများသို့ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့”အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးများနှင့် သတ္တိဗျတ္တိများ ပိုမိုထက်မြက်လာစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်လာစေရန်အတွက် စာစီစာကုံး၊ ကျပန်းနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းပြိုင်ပွဲကို အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ အားကစားပြိုင်ပွဲများကို မြို့မရပ်ကွက်ရှိ အားကစားကွင်းတွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ