ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရမ်းဗြဲမြို့နယ်၌ မြို့နယ်အဆင့်  အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်ဆိုင်ရာ  စွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ကျောင်းသူများစာပေထူးချွန်ပြီး ဘက်စုံထူးချွန်ထက်မြက်သော  ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေ ရန်  ရည်ရွယ်လျက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  G–5  တန်းမှ G–9 တန်းထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာသရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကွတ်ခိုင်မြို့နယ် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန်အတွက် စာပေဝါသနာရှင် (Woman Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ကျောင်းသူများ အသုံးပြုမှုပိုမိုများပြားလာ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်များ နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စာကြည့်တိုင်အသုံးပြုမှု ပိုမိုများပြား လာသည်။

မိုင်းယောင်းတွင် စာတတ်သူတိုင်း စာဖတ်နိုင်ရေး စာအုပ်စာစောင်များငှားရမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခြေခံပညာကျောင်းများ၌ စာအုပ်၊ စာစောင်များ ငှားရမ်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ ပြည်သူစာကြည့်တိုက်တွင် ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အပြင်ဗဟုသုတရရှိစေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အပြင်ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့ သည်။

ကျိုက်ထိုမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “အနာဂတ်ကိုမိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ  ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍      စာရေးဆရာ      ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသည့် “အနာဂတ်ကိုမိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဘားအံခရိုင် Community Centre  ခန်းမတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍  ယမန်နေ့နံနက် ၁၁ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ