ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ဂွမြို့နယ်တွင် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ရုံးဌာနများနှင့် စာသင်ကျောင်းများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စေတနာသွေးသန့်လှူရှင်စုဆောင်းရေး အသိပညာပေးဆွေးနွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လိုအပ်သောသွေးအမျိုးအစားများကို မြန်မြန်ဆန်ဆန်ရရှိနိုင်စေရန်အတွက် စေတနာသွေးသန့်လှူရှင်စုဆောင်းရေး အသိ ပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကမော့ကချူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာဗဟုသုတတိုး ပွားစေရေးအတွက် အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိ ပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်(၁၁)နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိ စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာဒီပံလင်း၏" ကမ္ဘာသား အားလုံးအတွက် "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှအ​အတွေး၏ အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့​သည်။

စုကလိမြို့တွင် လူငယ်တို့ရှောင်ရှားစရာ မူးယစ်ဆေးဝါးအကြောင်းအသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်မြဝတီ၊ ခရိုင်စုကလိမြို့တွင် လူငယ်များအကြားလူမျိုးတုန်းစေနိုင်သည့် မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေး လုပ် ငန်းအဖြစ် Talk Show အား ယနေ့နံနက်ပိုင်းတွင် စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centerတွင် ပြုလုပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့လူထုအခြေပြုဗဟိုဌာန (Community Center)၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီ အကြောင်းသိကောင်းစရာTalk show ပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီအကြောင်း သိကောင်းစရာTalk show ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့​ဆက်ဆံရေးဦးစီးဌာန လူထုအခြေ​ပြုဗဟိုဌာန(Community Center)၌ ပြုလုပ်သည်။

နမ္မတူတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ စုစည်း၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ