လားရှိုးမြို့တွင်ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်အတွက် ကော်မတီအလိုက် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နှင့် ယနေ့မွန်းလွဲပိုင်းတို့တွင် လူထုအခြေပြုဗဟိုဌာန (လားရှိုး) တွင် ကျင်းပခဲ့သည်။