ရှမ်းရွာသစ် ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူး မှုဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များ၊ ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း (၃) ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် လူကုန်ကူးမှုဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)